ချောင်းဆုံမြို့နယ်၌ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ချောင်းဆုံ ဧပြီ ၈

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ပြည်သူများ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးနိုင်ရေးအတွက် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လမ်းကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့က မြို့နယ်အတွင်းရှိ ဆေးရုံ၊ ဈေးနှင့် လူစည်ကားရာနေရာများ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအသိပညာပေးခြင်းကို မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသူဇာဝင်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ အပူဒဏ်ကာကွယ်နိုင်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကြဉ်ရန် အချက်များ၊ သတိပြုရမည့် အပူဒဏ်အန္တရာယ်များ၊ အပူဒဏ်ကြောင့် ဖြစ်ပွားနိုင်သည့် လက္ခဏာများအကြောင်း စသည့်ဖြင့် အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုကျော်