ကရသူရိမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ရေကစားမဏ္ဍပ်များ ဆောင်ရွက်

ကရသူရိ ဧပြီ ၉

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌ ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပသွားမည်ဖြစ်၍ ပျော်ရွှင်စွာ ရေကစားနိုင်ရေး ရေကစားမပ်များကို မြို့ပေါ်ရပ်ကွက်များ၌ ဧပြီ ၉ ရက်မှစ၍ ဆောက်လုပ်လျက်ရှိသည်။

ကရသူရိမြို့ရှိ ဒေသခံပြည်သူများနှင့်ဧည့်သည်များ အတာသင်္ကြန်တွင် ပျော်ရွှင်စွာရေကစားနိုင်ရေး၊ ဖျော်ဖြေရေးယိမ်းအကအဖွဲ့များမှ ကပြဖျော်ဖြေနိုင်ရေး စသည့်အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်ဦးစီး၍ မြို့အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူငယ်/လူရွယ်များ ပူးပေါင်း၍ ရေကစားမပ်များကို ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)