ငပုတောမြို့၌ တိုင်းရင်းဆေးအသိပညာပေး ဟောပြောပွဲပြုလုပ်

ငပုတော ဧပြီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူး၍ တိုင်းရင်းဆေးအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဧပြီ ၉ ရက်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ထားထားဦးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်တိုင်းရင်းဆေးကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်ဌေး‌နွယ်က တိုင်းရင်းဆေးအကြောင်းအရာများနှင့် ပတ်သတ်သောအကြောင်းအရာများကို ပြည်သူ့များထံ အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသော ဒေသခံပြည်သူများအား အခမဲ့ဆေးဝါးများ ကုသပေးခဲ့ကြောင်းသိရသည်။

အောင်သူ(ပြန်/ဆက်)