လားရှိုး ဧပြီ ၉
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အား ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ အမှတ် ၁ သီရိမဟာရပ်ကွက်၊ နယ်မြေ ၆ ရှိ လွတ်လပ်ရေးပန်းခြံအတွင်း၌ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ဖြစ်ပြီး ယိမ်းအကအလှအဖွဲ့များ ကြိုတင်ပြင်ဆင်မှု အခြေအနေများအား ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်၊ ကော်ဖီသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး၊ ယိမ်းအကအဖွဲ့များဖြင့် ဖျော်ဖြေတင်ဆက်နိုင်ရေးအတွက် လားရှိုးတက္ကသိုလ်တွင် အဆင့်မြင့်ပညာဦးစီးဌာနမှ ပိတောက်ဧကရီ ယိမ်းအကအဖွဲ့က နေစဉ် နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ လေ့ကျင့်နေမှု အခြေအနေများအား လားရှိူတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာကြီး ဒေါက်တာဌေးလွင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး (လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်၊ ခရိုင်ဦးစီးမှူး ဦးစိုင်းထွန်းနေလှိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)