ဇေယျာသီရိခရိုင်နှင့် ဥတ္တရသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

နေပြည်တော် ဧပြီ

ဇေယျာသီရိခရိုင်နှင့် ဥတ္တရသီရိခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ သရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပုဗ္ဗသီရိမြို့နယ်ရှိ ဇေယျာသီရိခရိုင်စုပေါင်းရုံး၌ ကျင်းပသည်။

 ဦးစွာ ဇေယျာသီရိခရိုင် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောနိုင်က အဖွင့် အမှာစကားပြောကြားပြီး ဥတ္တရခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးသက်နောင်က  မီးသတ်ဦးစီးဌာန၏ သမိုင်း၊ မီးသတ်ယာဉ်အမျိုးအစားများ၊ မီးသတ်ဦးစီးဌာန လုပ်ငန်းစဉ်များ၊ 191 Report Application အကြောင်း၊ မီးလောင်မှု  ဖြစ်ပွား‌စေသည့်အကြောင်းအရာများ၊ မီးလောင်မှု အမျိုးအစားများ၊ လျှပ်စစ်ပစ္စည်းများ စနှစ်တကျသုံးစွဲခြင်းနှင့် လျှပ်စစ်မီးကြောင့်မီးလောင်းမှုမဖြစ်ပေါ်စေရန် ရှောင်ရှားရမယ့်အချက်များ၊ Solar တပ်ဆင်ရာတွင် လိုက်နာရမည့်အချက်များ၊ Lithium Battery ကြောင့် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရာများ၊ အရေးပေါ်အခြေအနေတွင် လွတ်မြောက်နိုင်မည့် နည်းလမ်းများ၊ Fire S‌afety Management System အကြောင်း၊   မီးသတ်ဆေးဗူးအသုံးပြုပုံနည်းလမ်းများနှင့်   ငလျင်ဘေးဖြစ်ပွားပါက  ရှောင်ရန်ဆောင်ရန် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများက မီးဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဟောပြောပွဲအပြီးတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးသက်နောင်နှင့် တပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာဝန်ထမ်းများအား မီးဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေးကျင့်ခြင်းနှင့် မီးသတ်ဆေးဘူးနှင့် လက်တွေးမီးငြိမ်းသတ်ခြင်းများ ဆောင်ရွက်‌ ပေးခဲ့ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရီ)