ပလောက်မြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။

လှိုင်းဘွဲမြို့နယ်၌ ပဉ္စမအကြိမ်မြောက် ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး (Pfizer) စတင် ထိုးနှံပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အောင်ဆန်းခန်းမနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်တန်းခန်းမဆောင်တို့တွင် ပဉ္စမအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (Pfizer)ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျန်းမာရေးဝန်ထမ်းများမှ စတင်၍ထိုးနှံပေးလျက်ရှိသည်။

လွိုင်လင်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ချမ်းမြသာစည်မြို့နယ်တွင် အရေးပေါ်မီးငြှိမ်းသတ်ရန် ရေယူစက်ရုံ (Pump House )အား မီးသတ်ဦးစီးဌာနမှ သွားရောက်စစ်ဆေးခြင်းဆောင်ရွက်

ယခုအချိန်အခါသည် ပွင့်လင်းရာသီသို့ ရောက်ရှိလာတော့မည်ဖြစ်၍ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ ခရိုင်၊ချမ်းမြသာစည်မြို့နယ် မီးသတ်ဦးစီးဌာနသည် မြို့နယ်အတွင်း  မီးလောင်မှု၊ မီးလန့်မှုနှင့်မီး‌ဘေးအန္တရာယ်များ  မဖြစ်ပေါ်စေရေးအတွက်  ကြိုတင်ကာကွယ်ရေး  လုပ်ငန်းစဉ်များကို စနစ်တကျ ကွင်းဆင်း ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြဝတီခရိုင် ပြည်သူ့ဆေးရုံးကြီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer ထပ်ဆောင်းထိုးနှံပေး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ   ဌာနဆိုင်ရာဝန်ထမ်းများနှင့်   ပြည်သူများအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံပေးခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင်မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီး၌  Pfizer  ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးသည်။

လိပ်သိုဒေသတွင် တံမြက်စည်းချောများ ပြုလုပ်ရောင်းချ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဒေသခံများမှာ တောတောင်များနှင့် လမ်းဘေးဝဲယာများတွင် အလေ့ကျပေါက်ရောက်နေသော တံမြက်စည်းပင်များကို ချိုးယူ၍ တံမြက်စည်းချောများ ပြုလုပ်ရောင်းချလျက်ရှိနေကြောင်း သိရသည်။

တာလေမြို့၊ တာကြန့်ရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သဘာဝဓာတ်မြေဩဇာ ထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲ ခမ်းအနားကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေမိသားစုတို့ လူမှုစီးပွားဘဝတိုးတက်ရေး အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝဓာတ်မြေဩဇာထုတ်လုပ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က နားယောင်းကျေးရွာအုပ်စု၊ တာကြန့်ကျေးရွာရှိ ကျေးရွာခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။

တာလေမြို့၊ တာကြန့်ရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သဘာဝဓာတ်မြေဩဇာ ထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲ ခမ်းအနားကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေမိသားစုတို့ လူမှုစီးပွားဘဝတိုးတက်ရေး အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သဘာဝဓာတ်မြေဩဇာထုတ်လုပ်နည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က နားယောင်းကျေးရွာအုပ်စု၊ တာကြန့်ကျေးရွာရှိ ကျေးရွာခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။

မြိတ်မြို့၌ ငါးသယံဇာတထိန်းသိမ်းရေးလုပ်ငန်းတွင် မိမိဆန္ဒဖြင့် ပူးပေါင်းခြင်း သဘောတူညီချက် Voluntary Partnership Agreement (VPA) မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ငါးသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းတွင် မိမိဆန္ဒဖြင့် ပူးပေါင်းခြင်းသဘောတူညီချက် Voluntary Partnership Agreement (VPA) မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ငါးလုပ်ငန်းဦးစီးဌာနနှင့် Fauna & Flora - Myanmar တို့ ပူးပေါင်း၍ Green Eye ဟိုတယ်အစည်းအဝေး ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် နားခံ အ-ထ-က(ခွဲ)ကျောင်း ပညာရေးစုံညီပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

၂၀၂၄-၂၀၂၅ ပညာသင်နှစ် နားခံ အ-ထ-က(ခွဲ)ကျောင်း ပညာရေးစုံညီပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ မိုးနဲ ဇန်နဝါရီ ၁၄ မြို့နယ်(ပြန်/ဆက်)
Subscribe to