ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များအတွက် စတုတ္ထအကြိမ် စာအုပ်စာစောင်များလှူဒါန်းပွဲနှင့် စာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ်(၅)ဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များအတွက် စတုတ္ထအကြိမ်စာအုပ်စာစောင်များလှူဒါန်းပွဲနှင့် စာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ်(၅)ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျိုင်းတုံမြို့၌ မှုခင်းလျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မှုခင်းလျော့နည်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ကျင်းပခဲ့သည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရပ်စောက်၌ စာသင်ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်ရေးသရုပ်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်‌(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်‌စောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးလောင်မှုနှင့်စပ်လျဉ်း၍ မီးလောင်မှု၏ သဘောသဘာဝများသိရှိနားလည်ပြီး ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်နိုင်‌စေရန်နှင့် ဖြစ်ပွားလာပါက အမြန်ဆုံးတုန့်ပြန်‌ဆောင်ရွက်နိုင်ရန်‌၊ ကျောင်းသား/ကျောင်းသူများမှတစ်ဆင့် မီးသတ်ပညာရပ်များ ပြည်သူလူထုထံသို့ပျံ့နှံ့စေရန်၊ ကျောင်းအခြေပြု မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြိမ်းသတ်ရေးသရုပ်ပြပွဲကို အမှတ်(၁)အ‌ခြေခံပညာအထက်တန်း‌ကျောင်း(ရပ်စောက်)၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပသည်။

ကွန်ဟိန်းမြို့၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to