လွိုင်လင် ဇန်နဝါရီ ၁၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြိုးဖြိုးအေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမူးဒေါ်ဥမ္မာချိုမှ "လူငယ်နှင့်မျိုးချစ်စိတ်ဓာတ်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဉီးစီးအရာရှိ ဒေါ်သန်းသန်းထွေးက "လူငယ်နှင့်စာရိတ္တ"ခေါင်းစဥ်ဖြင့် ထပ်ဆင့်ဆွေးနွေးပေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက မိမိတို့သိလိုသည်များကို မေးမြန်ဆွေးနွေးခဲ့ရာ ပြန်/ဆက်ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူးမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူငယ်များနှင့်သက်ဆိုင်သည့် သုတ၊ ရတ စာအုပ်၊ စာစောင်များအား တက်ရောက်လာကြသူများမှ စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အယ်မင်း (လွိုင်လင်)