လိပ်သိုဒေသတွင် တံမြက်စည်းချောများ ပြုလုပ်ရောင်းချ

လိပ်သို  ဇန်နဝါရီ ၁၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဒေသခံများမှာ တောတောင်များနှင့် လမ်းဘေးဝဲယာများတွင် အလေ့ကျပေါက်ရောက်နေသော တံမြက်စည်းပင်များကို ချိုးယူ၍ တံမြက်စည်းချောများ ပြုလုပ်ရောင်းချလျက်ရှိနေကြောင်း သိရသည်။

တံမြက်စည်းစတင်ပြုလုပ်ရာတွင် တံမြက်စည်းပင်များကို နေလှန်းခြင်း၊ အပွင့်ချွေခြင်း၊ အရွယ်အစားခွဲခြားခြင်း၊ အရိုးတံချွန်ခြင်း၊ အပြားယှက်ခြင်း၊ လက်ကိုင်ရိုးကြိုးချည်ခြင်း၊ စသည်ဖြင့် အဆင့်ဆင့်ပြုလုပ်ပြီးမှ တံမြက်စည်းချောကိုရရှိကြောင်း၊ လိပ်သိုမြို့ပေါ်၌ တံမျက်စည်းချော တစ်လက်လျှင် (၃၀၀ဝိ/-) ကျပ်မှ (၃၅၀ဝိ/-) ကျပ်အထိ ဈေးရရှိနေကြောင်း သိရသည်။

တံမြက်စည်းပြုလုပ်သူများအနေဖြင့် အိုးမကွာအိမ်မကွာ ပြုလုပ်နိုင်ပြီး အရင်းအနှီးများစွာ မလိုအပ်သောကြောင့် မိသားစုအပိုဝင်ငွေများရရှိကာ အဆင်ပြေလျက်ရှိကြောင်း၊ အဆိုပါ တံမြက်စည်းချောကို ခြောက်သွေ့သောနေရာတွင်ထား၍ အသုံးပြုပါက (၁) နှစ်ခန့် ခိုင်ခံ့ သောကြောင့် ဝယ်ယူသုံးစွဲသူများ များပြားလျက်ရှိနေကြောင်း သိရသည်။

ခင်လေးနွယ်