လှိုင်းဘွဲ ဇန်နဝါရီ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အောင်ဆန်းခန်းမနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်တန်းခန်းမဆောင်တို့တွင် ပဉ္စမအကြိမ်မြောက် ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (Pfizer)ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျန်းမာရေးဝန်ထမ်းများမှ စတင်၍ထိုးနှံပေးလျက်ရှိသည်။
နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်တန်းခန်းမဆောင်တွင် စုရပ်ထား၍ ထိုးနှံပေးပြီး၊ ပြည်သူလူထု၊ တပ်မတော်သားများနှင့် မိသားစုဝင်များအား အောင်ဆန်းခန်းမတွင် စုရပ်ထား၍ ဇန်နဝါရီလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဂျာမနီနိုင်ငံမှ ထုတ်လုပ်သော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(PfiZer)ကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
စောဒိ(ပြန်/ဆက်)