မြဝတီ ဇန်နဝါရီ ၁၄
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံပေးခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင်မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီး၌ Pfizer ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြဝတီခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ဝင်း ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာမျိုးသန့်ဇင် ကြီးကြပ်ပေးကာ ကျန်းမာရေးဝန်ထမ်းများက တစ်ဦးချင်း အချက်အလက်များ ကောက်ယူ၍ Pfizer ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးသည်။
ယင်းကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါသည် အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ဖြစ်ပွားတတ်သည့်ရောဂါဖြစ်၍ ပြင်းထန်မှုနှင့် သေဆုံးမှုကို လျှော့ချနိုင်မည်ဖြစ်ကာ ကာကွယ်ဆေးထိုးနှံရာတွင် အသက် ၁၈ နှစ်နှင့် အထက်ရှိသူများအား ထိုးနှံပေးခြင်း ဖြစ်သည်။
အလားတူကျန်ရှိသည့် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာပြည်သူများကိုလည်း Pfizer ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)