ဆီဆိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade-5 သင်ကြားသင်ယူမှု အရည်အသွေးမြှင့်မားရေး ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade–5 သင်ကြားသင်ယူမှု အရည်အသွေး မြှင့်မားရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမ၌ ပြုလုပ်ခဲ့သည်။

လသာမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်

ရန်ကုန်တိုင်း‌ဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်မီးသတ်ဦးစီဌာနမှ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများအနေဖြင့်  မီးဘေးဆိုင်ရာညွှန်ကြားချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းကို လသာမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ စျေးများသို့ ယမန်နေ့ညက လိုက်လံနှိုးဆော်ခဲ့သည်။

ကျွန်းစုမြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း တို့ ပူးပေါင်း၍  (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို  ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ပန်းတနော်မြို့၌ မီးဘေးအန္တရာယ်လုံခြုံရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။

POLYTECHNIC UNIVERSITY(MAUBIN)၊ FACULTY OF COMPUTING ၌ အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ Polytechnic University (Maubin)၊ Faculty of Computing ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲအား ယမန်နေ့မွန်းလွဲ(၁)နာရီက အဆိုပါကျောင်းရှိ စုဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

မော်လမြိုင်ကျွန်းမြို့နယ်ရှိ ကျေးလက်လမ်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းကို ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဟိုပုံးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့် ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မူလတန်းအဆင့် Grade-5 နှင့် အလယ်တန်းအဆင့် Grade-9 သင်ကြားသင်ယူမှု ထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကလောင်စုံ ရေးသားသော"လူဆိုသည်မှာ"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ငွေဆောင်မြို့၊ အမှတ်(၂၀၁) အခြေခံပညာမူလတန်းကျောင်း၌  ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အမှတ်(၂) ရပ်ကွက်ရှိ အမှတ်(၂၀၁) အခြေခံပညာမူလတန်းကျောင်း၏ (၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်) ကျောင်းပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားအား ယနေ့နံနက်( ၉) နာရီက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to