လသာမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်

လသာ       ဇန်နဝါရီ     ၁၆

ရန်ကုန်တိုင်း‌ဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်မီးသတ်ဦးစီဌာနမှ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများအနေဖြင့်  မီးဘေးဆိုင်ရာညွှန်ကြားချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းကို လသာမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ စျေးများသို့ ယမန်နေ့ညက လိုက်လံနှိုးဆော်ခဲ့သည်။

ထို့သို့  ဆောင်ရွက်ရာတွင် ကျောက်တံတားခရိုင်၊ လသာမြို့နယ်မီးသတ်ဦးစီးမှူဦးမျိုးမင်းထက် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် လသာမြို့နယ်အတွင်းရှိ ပြည်သူများအား   မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး၊ မီးကိုသတိပြုသုံးစွဲရန်၊ မီးခလုတ်များမီးကြိုးများသုံးစွဲပြီးပါက စနစ်တကျထားရှိရန်၊ ခြင်ဆေးများထွန်းရာတွင်လည်း သတိပြုကြရန်၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ဆောင်ရွက်ထားရှိရန်၊  မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ ချက်ချင်းသတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့်အချက်များအား အသိပညာပေးခြင်းကို လသာမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ စျေးများသို့ လိုက်လံနှိုးဆော်ခဲ့ကြကြောင်း သိရသည်။                         

နန်းသဲနုအောင် ( ပြန်/ဆက်)