တောင်သာမြို့၌ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

တောင်သာ ဧပြီ ၁၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့၌ ဧပြီ ၁၃ ရက် ညနေ ၄ နာရီတွင် မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲ အခမ်းအနားကို ပြုလုပ်ကြောင်း သိရသည်။

မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားကို  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရမှ မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်မဟာသင်္ကြန်ပွဲအား အဖွင့်အမှာစကားပြောကြားခဲ့သည်။ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ယင်းနောက် ယိမ်းအက အဖွဲ့များက ကပြ ဖျော်ဖြေရာ  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ယိမ်းပျိုဖြူများအား သပြေခတ်ဖြင့်ရေပက်ဖျန်းပေးသည်။

မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲတွင် ယိမ်းအဖွဲ့များ ကပြဖျော်ဖြေခြင်း၊ စတုဒိသာများ ကျွေးမွေးခဲ့ကြပြီး မိဘပြည်သူများ ပျော်ရွှင် အေးချမ်းစွာဖြင့်ရေကစားလျက်ရှိကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)