တောင်ဥက္ကလာပ ဇန်နဝါရီ ၂၀
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်တွင် ဥက္ကလာပစေတီတော်မြတ်ကြီး ရှေးဟောင်းခုနှစ်ဆူဘုရားနှင့် အောင်တော်မူစေတီ (၃၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲ ၄ နာရီအချိန်က ဥက္ကလာပစေတီ ရင်ပြင်တော်၌ ကျင်းပခဲ့သည်။
အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ သင်္ဃန်းကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရန်ကင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့အစည်းများ၊ ပြည်သူများစုပေါင်း၍ ရဟန်း၊ သံဃာနှင့် သီလရှင် (၁၈၃) ပါးတို့အား ဆွမ်းဆန်စိမ်းများ၊ ဝတ္ထုငွေများနှင့် လှူဖွယ်ပစွည်းများ လောင်းလှူခဲ့ကြောင်း သိရသည်။
ထို့နောက် မဟာမုနိဓမ္မာရုံတော်ကြီး၌ ဥက္ကလာပစေတီတော်မြတ်ကြီး၏ ဩဝါဒစရိယဆရာတော် ရွှေသလ္လာဆရာတော်ထံမှ အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေပေးကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆို၍ ဆွမ်းဆန်စိမ်းလှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)