ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ပုံပြင်ပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ ပန်းချီ၊ စာစီစာကုံး ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်

ဗဟန်း ဇန်နဝါရီ  ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းလူထုအခြေပြုဗဟိုဌာန(Community Centre)ရှိ ဘက်စုံသုံးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပုံပြင်ပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ဗဟန်းမြို့နယ် အမှတ်(၁၂) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးက ပုံပြင်ပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဗဟန်းရုံးမှ ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်ပြသထားမှုနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသထားမှုအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်သူဟိန်း (ပြန်/ဆက်)