မော်လမြိုင်ပညာရေးဒီဂရီကောလိပ်တွင် ဆရာ/ဆရာမများ၊ ဆရာဖြစ်သင်တန်းတက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများအား ဥပဒေဘာသာရပ် သင်ကြားပို့ချ

မော်လမြိုင် ဇန်နဝါရီ  ၂၁

နိုင်ငံသားတိုင်းအနေဖြင့် ဥပဒေကို သိရှိနားလည်နိုင်ရန်နှင့် ဥပဒေပညာရပ်များကို ကျယ်ပြန့်စွာ သင်ကြားပေးနိုင်ရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်ပညာရေးဒီဂရီကောလိပ်ပညာညီလာခန်းမ၌ ဆရာ/ဆရာမများ၊ ဆရာဖြစ်သင်တန်းတက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူများအား ဥပဒေဘာသာရပ်ကို သင်ကြားပို့ချခဲ့သည်။

သင်တန်းတွင် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ပြ​ည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြခံဥပဒေ(၂၀၀၈)ခုနှစ်နှင့် ဥပဒေအခြခံသဘောတရားများ သင်ကြားပို့ချခဲ့ပြီး ဆရာ၊ ဆရာမ(၄၀)ဦး၊ ဝန်ထမ်း(၁၀)ဦး၊ ဆရာဖြစ်သင်တန်းတက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူ(၆၈၀)ဦးတို့က ဥပဒေဘာသာရပ်ကို တစ်လလျှင်()ကြိမ်နှုန်းဖြင့် ဇန်နဝါရီလမှ မတ်လအထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)