အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဥပဒေရေးရာ အသိပညာပေး သင်တန်းဖွင့်လှစ်

အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဥပဒေရေးရာ အသိပညာပေး သင်တန်း(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကင်းပညာရေးဒီဂရီကောလိပ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရန်ကင်းပညာရေးဒီဂရီကောလိပ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကောလိပ် မြတ်ပညာခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက “ကျောင်း” သီချင်းဖြင့် စတင်ဖျော်ဖြေပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။

တာမွေမြို့နယ်ရှိ ရာပြည့်ဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ ရာပြည့်စျေးအတွင်း မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီ(စျေးများနှင့်ကုန်စည်ပွဲရုံများဌာန)၏စီစဉ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ ရာပြည့်စျေးတွင်  လက်တွေ့မီးငြှိမ်းသတ်နည်း ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းများကို  ဆောင်ရွက်ခဲ့ကြသည်။

မြိတ်မြို့နယ်တွင် မတ်ပဲနှင့်ဆောင်းသီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာပေး ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ကျေးရွာများတွင် မတ်ပဲနှင့်ဆောင်းသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ယမန်နေ့က မြိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား မတ်ပဲနှင့်ဆောင်းသီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်း နည်းပညာပေးခြင်းကို ကျေးရွာများသို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြသည်။

သံတောင်ကြီးမြို့နယ်၊ တောပြာကြီးကျေးရွာတွင် စိမ့်စမ်းရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း (၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တောပြာကြီးကျေးရွာ၌ စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းကို မေလ (၂)ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင်လုပင်န်းဆောင်ရွက်မှု(၁၀၀)ရာခိုင်နှုန်း ပြီးစီး ပြီဖြစ်ကြောင်း သိရသည်။

ချောင်းသာမြို့ လူထုအခြေပြုဗဟိုဌာန၌ (အုန်းအခြေခံ)အုန်းလက်ခမောက်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ချောင်းသာမြို့ရုံးနှင့် Club အဖွဲ့ဝင်များပူးပေါင်းပြီး ယနေ့နံနက် ၈ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  အုန်းလက်ခမောက်ပြုလုပ်နည်းသင်တန်းကို  ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထား၀ယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဗိုလ်ချုပ်ပုံတူဆွဲပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဗိုလ်ချုပ်ပုံတူဆွဲပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ကျင်းပသည်။
Subscribe to