သံတောင်ကြီး ဒီဇင်ဘာ ၁၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တောပြာကြီးကျေးရွာ၌ စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းကို မေလ (၂)ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင်လုပင်န်းဆောင်ရွက်မှု(၁၀၀)ရာခိုင်နှုန်း ပြီးစီး ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် စိမ့်စမ်းရေသွယ်ယူခြင်း၊ ၂/၆ မိုင်ဖြင့်ရေပိုက်သွယ်တန်းခြင်း၊ ရေတားတမံနှင့် ဂါလံ(၅၀၀၀)ဆံ့ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်းကို ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ်(၅၇.၆၉)သန်းဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးနှင့် တာဝန်ရှိသူများ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ(နည်းပညာ) ဦးစောဟဲဒိုစိုးတို့က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တောပြာကြီးကျေးရွာတွင် စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်၍ တောပြာကြီးကျေးရွာရှိ အိမ်ခြေ (၁၆၇)အိမ်နှင့် လူဦးရေ (၇၉၅)ဦးကို အလှည့်ကျစီဖြင့် ရေများဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
နော်နော်မူ