ငပုတောမြို့၌  မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်း‌၍ စားသောက်ကုန်ပစ္စည်းများကို ပုံမှန်ဈေးနှုန်းများဖြင့် ရောင်းခြခြင်းရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

ငပုတော ဒီဇင်ဘာ  ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စားသုံးသူ‌ရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်စန်းနှင့်ဝန်ထမ်းများ၊ မြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့မှ တာဝန်ရှိသူများပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့မစျေးအတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်မျိုးစုံအရောင်းဆိုင်များတွင် ပုံမှန် စျေးနှုန်းများဖြင့် ရောင်းချခြင်းရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထို့သို့စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့များက ကုန်ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်း၊ ရောနှောရောင်းချခြင်း၊ မမှန်မကန်ဆောင်ရွက်ခြင်းများနှင့် သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိစျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး  သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)