သံဖြူဇရပ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြို​ကျောင်း ရင်​သွေးငယ်များအား ကာယစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

သံဖြူဇရပ် ဒီဇင်ဘာ ၂၁

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မူလတန်းကြို​ကျောင်း ရင်​သွေးငယ်များ၏ ကာယ၊ ဥာဏ စွမ်းရည်များ ဖွံဖြိုးတိုးတက်​စေရန်အတွက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းမှ ရင်​သွေးငယ်များအား ကာယစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက စက်သစ်ရပ်ကွက်ရှိ အားကစားကွင်း၌ ပြုလုပ်သည်။

အားကစားပြိုင်ပွဲများမှာ ရိုးရိုး​ပြေး၊ ဦးထုပ်​ဆောင်း၊ အ​ရောင်​​ရွေး၊ အာလူး​ကောက်၊ ကြိုးသီ၊ ​ခေါင်းအုံးရွက်၊ ​ဗူးဆင့်၊ ရေပုလင်းဖြည့် စသည့်ပြိုင်ပွဲအမျိုးအစား (၈)မျိုးအား ကျား/မပြိုင်ပွဲများဖြင့် ပွဲစဥ် (၁၆)ခုကို ရင်​သွေးငယ် (၁၉၄)ဦးတို့ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး၊ ဆုရရင်​သွေးငယ်များအား ​ကျောင်းအုပ်ဆရာမကြီး ​ဒေါ်​အေး​အေး​မော်နှင့် တာဝန်ရှိသူတို့က ဆုများအသီးသီး​​ ပေးအပ်ချီးမြှင့်ခဲ့ကြ​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)