မိုင်းပန် ဒီဇင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်မည့်သူများမှ အခမ်းအနားများတွင် ပေးအပ်လာသည့်တာဝန်များ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီက စတင်ဖွင့်လှစ်ခဲ့သည်။
သင်တန်း၌ သင်တန်းနည်းပြအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိရွှေစင်လတ်က ဆောင်ရွက်သွားမည်ဖြစ်ပြီး အခမ်းအနားမှူးတစ်ယောက်၏ အရည်အချင်း၊ ဝတ်စားဆင်မှု၊ မိုက်ကရိုဖုန်းအနေအထား၊ အခမ်းအနားမစတင်မီပြောရန်၊ လေယူလေသိမ်း၊ အသံအနေအထားနှင့် လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်များ စသည့်အကြောင်းအရာများ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်း၌ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအသင်းနှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများမှ တက်ရောက်ခဲ့ကြပြီး ဒီဇင်ဘာ (၂၀)ရက်နေ့ နံနက်ပိုင်းမှ ဒီဇင်ဘာလ (၂၁)ရက်နေ့အထိ သင်တန်းကာလ (၂)ရက် ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)