ရှမ်းရွာသစ် ဒီဇင်ဘာ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုရှိ တောင်သူဦးစောမောင်အေး၏ လယ်မြေတွင် ဝင်ငွေများပိုမိုရရှိနိုင်သည့် နှမ်းနက်(ခေါ်) စမုံနက်နှမ်းများ စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါနှမ်းနက်ကို စိုက်ပျိုးရာတွင် မြေကိုညက်အောင်ဦးစွာပြုပြင်ပြီးမှ စိုက်ပျိုးရကြောင်း၊ နှမ်းမျိုးအနေဖြင့် (၂)ပြည်ခန့်အသုံးပြုရကြောင်း စိုက်ပျိုးပြီး (၂၅)ရက်အကြာတွင် ပေါင်းပင်များနှုတ်ခြင်း၊ မြေဆွပေးခြင်းနှင့် နှမ်းသားခွဲခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးရကြောင်း၊ မိုးရွာသွန်းသည့်အခါ မြေဩဇာကျွေးခြင်းများဆောင်ရွက်ပေးရကြောင်း ၊ နှမ်းတစ်ဧကတွင် အပင်အပြုအစု၊ ရာသီဉတုနှင့် မြေအမျိုးအစားပေါ်မူတည်၍ တစ်ဧကတွင် (၁၄)တင်းမှ (၂၀)တင်းထွက်ရှိကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှုများပြီး နှမ်းနက်စိုက်ခင်းများအထွက်နှုန်းနည်းပါးသော်လည်း ကာလပေါက်ဈေးအရ တစ်တင်းကို ငွေကျပ်(၁၀၀၀၀၀)ခန့် ရှိတာကြောင့် နှစ်စဉ်တောင်ယာလုပ်ငန်းနှင့် တွဲဖက်ပြီးစိုက်ပျိုးကြောင်း မဲသမူးကျေးရွာရှိ တောင်သူတစ်ဦး ၏ပြောပြချက်အရ သိရှိရသည်။
ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉)အုပ်စုရှိပြီး ဒေသနေပြည်သူအများ စုသည် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းများနှင့်တွဲဖက်ကာ ဆောင်းသီးနှံများ စိုက်ပျိုးသည့်လုပ်ငန်းကို နှစ်စဉ်တစ်ပိုင်တစ်နိုင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ်တွင် ဆောင်းနှမ်း (၁၄၇) ဧက၊ မိုး နှောင်းနှမ်း (၁၀၆)ဧကစိုက်ပျိုးကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)