ရမည်းသင်းမြို့တွင် ကောက်ရိုးထုံးစက် (Round Baler) ဖြင့် သရုပ်ပြပွဲကျင်းပ

ရမည်းသင်း ဒီဇင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမှတ် (၂၈) စက်မှုလယ်ယာစခန်းမှ ကောက်ရိုးထုံးစက်(RoundBaler) ဖြင့်သရုပ်ပြပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဆည်ကြီးကျေးရွာအုပ်စု၊ သင်ပန်းကုန်းကျေးရွာ ကွင်းအမှတ်(၁၁၉၆) ရှိ တောင်သူဦးညွှန့်၏ လယ်ယာမြေပေါ်တွင် ဆောင်ရွက်ခဲ့သည်။

သရုပ်ပြပွဲသို့ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်မြင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စက်မှုလယ်ယာဦးစီးမှူး ဦးသီဟဇော်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့သည်။ ထို့နောက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန အမှတ်(၂၈) စက်မှုလယ်ယာစခန်း ရမည်းသင်းမြို့မှ ကောက်ရိုးထုံးစက်(RoundBaler)ဖြင့် သရုပ်ပြသပွဲ ပြုလုပ်ခဲ့ရာ တက်ရောက်လာကြသည့် ဒေသခံတောင်သူများက သိရှိလိုသည်များကို မေးမြန်း‌ခဲ့ကြသည်။အဆိုပါကောက်ရိုးထုံးစက် (RoundBaler) ကို အသုံးပြုပါက ကြာချိန်အားဖြင့် (၁)နာရီခွဲခန့် ကြာမြင့်မည်ဖြစ်သည်။ ထို့ကြောင့် အချိန်တိုအတွင်း ဆောင်ရွက်နိုင်ခြင်း၊ လယ်ယာမြေအလုပ်သမား ရှားပါးမှုပြဿနာများ ဖြေရှင်းနိုင်ခြင်းနှင့် လေလွင့်ဆုံးရှူံးမှုသက်သာစေခြင်း၊ ကောက်ရိုးကို တိရစ္ဆာန်အစာအဖြစ်သာမက အခြားအသုံးပြုမည့် နည်းပညာများ (ဥပမာ-စားသုံးမှိုစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာပြုလုပ်ခြင်း၊ ဇီဝလောင်စာထုတ်လုပ်ခြင်းနှင့် တန်ဖိုးမြင့်ထုတ်ကုန် value added product ထုတ်လုပ်နိုင်ခြင်း) စသည့် အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးဌာန ခရိုင်ဦးစီးမှုး ဦးသီဟဇော်ထံမှ သိရသည်။

မြတ်နိုးသူ