ပူတာအို ဒီဇင်ဘာ ၂၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်/မြို့နယ်ရုံးများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် သတင်းအရည်အသွေး ကောင်းမွန်လာစေရန်နှင့် သတင်းလုပ်ငန်းများကို ပိုမိုအောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် သတင်းရေးသားနည်းသင်တန်းကို ယမန်နေ့နံနက် (၉)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချို၊ မချမ်းဘောမြို့နယ်ဦးစီးမှူး ဒေါ်နီနီလွင်နှင့် နည်းပြများက သတင်းအမျိုးအစားများ၊ သတင်းတန်ဖိုးအကြောင်း၊ သတင်းရေးသားရာတွင် သတိပြုရမည့်အချက်များနှင့် သတင်းရေးသားနည်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန ပူတာအိုခရိုင်ရုံး၊ မချမ်းဘောမြို့နယ်ရုံးနှင့် ပန်နန်းဒင်မြို့ရုံးများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းသင်တန်းသူ၊ သင်တန်းသားစုစုပေါင်း (၁၀)ဦးတို့အား ဒီဇင်ဘာ(၂၀)ရက်၊ (၂၃)ရက်၊ (၂၄)ရက်အထိ သင်တန်းကာလသုံးရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘုန်းလက်ရာသစ်