ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်

ထားဝယ် ဒီဇင်ဘာ ၂၁

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများ သတင်းရေးသားပါဝင်မှု ပိုမိုမြင့်မားလာစေရန်နှင့် သတင်းရေးသားသည့်အခါ ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိလိုက်နာပြီး သတင်းရေးသားနိုင်ရန်ရည်ရွယ်၍သတင်း ရေးသားနည်းသင်တန်းကို ယနေ့မန်နေ့နံနက်ပိုင်းက ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ကျင်းပသည်။

သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က သတင်းများကို မှန်ကန်ထိရောက်သော အချက်အလက်များဖြင့် ပေးပို့နိုင်ရေးနှင့် ဦးစီးဌာနရှိဝန်ထမ်းများ၏ သတင်း၊ မှတ်တမ်းတင်ပြချက် စွမ်းဆောင်ရည်များတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သတင်းများရေးသားပေးပို့နိုင်ရေးအတွက် သတင်းများရေးသားရာတွင် သိသင့်သိထိုက်သည့် ဆောင်ရန်ရှောင်ရန်အချက်များနှင့် သတင်းရေးသားရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များကို စိတ်ပါဝင်စားစွာဖြင့် မှတ်သားကြရန်လိုအပ်ကြောင်း၊ သတင်းများရေးသား/ရိုက်ကူးရာတွင် သင်ကြားပို့ချသည့် သတင်းပညာရပ်များကို အသုံးပြုပြီး လက်တွေ့ဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း‌ ပြောကြားသည်။

ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်နှင့် ဓာတ်ပုံကျွမ်းကျင်-၂ ဦးကျော်ကျော်လတ်တို့က သင်တန်းသားဝန်ထမ်းများအား သတင်းတွင် အဓိကပါဝင်ရမည့်အချက်များ၊ သတင်းအခြေခံဖွဲ့စည်းတည်ဆောက်ပုံ၊ သတင်းအမျိုးအစား၊ သတင်းဆောင်းပါး၊ သတင်းတန်ဖိုးရှိ/မရှိ ဆုံးဖြတ်ရမည့်အချက်များ၊ သတင်းရေးသားရာတွင် သတိပြုရမည့်အချက်များ၊ သတင်းတည်းဖြတ်ခြင်း၊ သတင်းရေးသားသည့်အခါ  ဆောင်ရန်၊ ရှောင်ရန်အချက်များကို သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။

ထားဝယ်ခရိုင်(ပြန်/ဆက်)