ဝမ်းတွင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ မျက်စိကောင်းမွန်ရေး ကျောင်းအခြေပြုပဏာမ မျက်စိကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်

ဝမ်းတွင်း ဒီဇင်ဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ မျက်စိကောင်းမွန်ရေး ကျောင်းအခြေပြုပဏာမ မျက်စိကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဝမ်းတွင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ မျက်စိကောင်းမွန်ရေး ကျောင်းဖွင့်ရာသီတွင် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၊  အလယ်တန်းကျောင်းများနှင့် မူလတန်းကျောင်းများသို့ တစ်လတစ်ကြိမ် ကွင်းဆင်း၍ ကျောင်းအခြေပြုပဏာမ မျက်စိကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည်။ ထို့သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၄၉)ကျောင်းမှ  ကျောင်းသား၊ ကျောင်းသူ (၄၁၂၄)ဦး၊  အခြေခံပညာအလယ်တန်းကျောင်း (၄၇)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၆၁၁၂)ဦးနှင့် မူလတန်းကျောင်း (၈၉)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၈၉၅၀)ဦးတို့အား မျက်စိကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)