ကျိုင်းတုံမြို့၌ လူစုလူဝေးအား စနစ်တကျစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဆင်းပွဲကျင်းပ

ကျိုင်းတုံ   ဒီဇင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ကြီးမှူးဖွင့်လှစ်သည့် လူစုလူဝေးအား စနစ်တကျစီမံခန့်ခွဲမှု(ဆင့်ပွား)သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဆင်းပွဲကို ယမန်နေ့က  ကျိုင်းတုံမြို့၊  အမှတ်(၁)ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီးသန့်ဇင်က အမှာစကားပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များနှင့် နည်းပြဆရာများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

 သင်တန်းသို့  ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ  ရဲတပ်ဖွဲ့ဝင် ၃၀ ဦး တက်ရောက်ပြီး ဒီဇင်ဘာ ၉   ရက်မှ ၂၀ ရက်အထိ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)