ကျွန်းလှ ဒီဇင်ဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ရေးနေ့ကိုမမေ့အပ်ပြီး တန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ)၌ ကျင်းပသည်။
အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူ (၈) ဦး၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူ (၁၆) ဦး၊ မူလတန်းအဆင့် စာစီစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၂၁) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများကို သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် ကျင်းပပြီး မြို့နယ်အဆင့် ရွေးချယ်၍ ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား၊ ကျောင်းသူများအား(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း။ မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)