ပခုက္ကူမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အသိပညာ‌ပေးဟောပြောပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ

ပခုက္ကူ ဒီဇင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး (၇၇)နှစ်မြောက် လွတ်လပ်‌ရေးနေ့အကြို အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ပခုက္ကူမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီး ဒေါ်သင်းသင်းဇာက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက  လွတ်လပ်ရေး၏ တန်ဖိုးနှင့်အဓိပ္ပါယ်များ၊ (၇၇)နှစ်မြောက် လွတ်လပ်‌ရေးနေ့ဦးတည်ချက်များနှင့် ဆောင်ပုဒ်သတ်မှတ်ချက်များ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးရရှိပိုင်ဆိုင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ၊ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသားကိုယ်စားလှယ်များအကြောင်းနှင့် စာချုပ်ပါအကြောင်းအရာအချက်အလက်များ၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်‌ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ ပြည်ထောင်စုမပြိုကွဲရေးနှင့် လွတ်လပ်ရေးဆုံးရှုံးမှုမဖြစ်ပေါ်စေရေး ဝိုင်းဝန်းထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည့်အကြောင်းအရာများကို အသိပညာပေးရှင်းလင်းဟောပြောသည်။  

ထို့နောက် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ ‌ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများထံ ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)