ဂက်(စ်)ဖြည့်ဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ ဂက်(စ်)ဖြည့်ဆိုင်များအား ယမန်နေ့ နေ့လယ် ၂ နာရီခွဲက ကြိုတင်လိုက်လံကွင်းဆင်းစစ်ဆေး အသိပညာပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းအဆင့်(၃)စီမံချက်ဖြင့် ရပ်ကွက်များအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် UID စမတ်ကတ်များ (အခမဲ့)ကွင်းဆင်းပြုလုပ်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တနင်္သာရီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းညွန့်နှင့်ဝန်ထမ်းများက ဒီဇင်ဘာလ၂၅ ရက်နေ့မှစ၍ ချောင်းငယ်ရပ်ကွက်-ချောင်းငယ်ဘုန်းတော်ကြီးကျောင်း-သုခချမ်းသာဓမ္မာရုံအတွင်း ပန်းခင်းအဆင့်(၃)စီမံချက်ဖြင့် ရပ်ကွက်များအတွင်းရှိ ဒေသခံမိဘပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID စမတ်ကတ်များကို (အခမဲ့)ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

National ICT Awards-2024 (Education Project Skill Competition) (တိုင်းအဆင့်) ပြိုင်ပွဲများကျင်းပ

ပညာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းပညာရေးမှူးရုံးက ကြီးမှူးကျင်းပသော National ICT Awards-2024 (Education Project Skill Competition)(တိုင်းအဆင့်)ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြဝတီခရိုင် ပညာရေးကော်မတီ ဥက္ကဋ္ဌ ဖလား အသက်(၁၆)နှစ်အောက် အမျိုးသားကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကျင်းပ

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၊ မြဝတီခရိုင် ပညာရေးကော်မတီဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် အမျိုးသား ကျောင်းပေါင်းစုံ‌ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက မြို့မ အားကစားကွင်း၌ ကျင်းပခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟိုင်းကြီးကျွန်းမြို့အဝင်နုန်းတား ကျောက်စီလှိုင်းကာဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၂၅ ရက်နေ့ညနေပိုင်းတွင် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အဝင် ရေလမ်းကောင်းမွန်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် နုန်းတားကျောက်စီလှိုင်းကာ အလျား ၅၅၀ ပေ ဆောင်ရွက်နေမှု အခြေအနေများနှင့် နုန်းတား ကျောက်စီလှိုင်းကာ တည်ဆောက်ပေးခြင်းအားဖြင့် ဟိုင်းကြီးချောင်းဝတွင် နုန်းအနည်အနှစ်များ ကျရောက်မှုကို တားဆီးပေးနိုင်မည့်အ​ခြေအ​နေများ၊ ဟိုင်းကြီးချောင်းအတွင်း  အဝင်အထွက် သွားလာနေကြသည့် ရေယာဉ်များအနေဖြင့် အချိန်မရွေးသွားလာနိုင်မည့် အ​ခြေ​အနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက် ရန်နှင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၄) ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၄) ကို ယမန်နေ့က ပြည်နယ်ဒုတိယအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ)ရုံးတွင် ကျင်းပသည်။

ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၆/၂၀၂၄) သင်တန်းဆင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၆/၂၀၂၄) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁၁)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းတွင် ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

စဉ့်ကိုင်မြို့နယ် သင်္ဂတုံကျေးရွာ "ဘဝအလင်းသစ်" စာကြည့်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေးပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က(သင်္ဂတုံ)တို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် အကျိုးပြုမည့် အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက် လာစေရန်၊ လူအများအလယ်တွင် ရဲဝင့်စွာ ပြောဆိုတတ်စေရန်၊  စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်လာစေရန် စသည်တို့ကိုရည်ရွယ်ကာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီအချိန်ကသင်္ဂတုံကျေးရွာရှိ “ဘဝအလင်းသစ်” စာကြည့်တိုက်၌  ကျင်းပခဲ့သည်။

၂၇၆၄ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ် လုမ္ဗိနီဉယျာဉ်အဝင်မုဒ်ဦးမှ ဇွဲကပင်တောင်ခြေလမ်း ကတ္တရာကွန်ကရစ်လမ်းသစ် ဖွင့်လှစ်

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်ဩဝါဒစရိယ ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိကဗဟုဇန ဟိတဓရဓမ္မကထိက၊ ဘဒ္ဒန္ဒကဝိဓဇအား သွားရောက်ဖူးမျှော်ကြည်ညိုပြီး ဆန်၊ ဆီနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

နတ်မောက်မြို့နယ်၌ အခြေခံပညာရေးကျောင်းများတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းရေးဌာနအနေဖြင့် အခြေခံပညာရေးကျောင်းများတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲပြုလုပ်လျက်ရှိပြီး ယမန်နေ့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား ဆောင်ရွက်ပေးလျက်ရှိ သည်။ 
Subscribe to