မန္တလေး ဒီဇင်ဘာ ၂၇
ပညာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းပညာရေးမှူးရုံးက ကြီးမှူးကျင်းပသော National ICT Awards-2024 (Education Project Skill Competition)(တိုင်းအဆင့်)ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲများတွင် Computer Skill ပြိုင်ပွဲတွင် မူလတန်းကျာင်းသား၊ ကျောင်းသူ (၁၅)ဦး၊ Education Project Skill ပြိုင်ပွဲတွင် ဆရာ၊ ဆရာမအဖွဲ့(၅)ဖွဲ့တိုက ပါဝင်ယှဉ်ပြိုင်ကြရာ တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်း၊ ညွှန်ကြားရေးမှူး(ပညာ)ဦးအောင်ဆွေဦး၊ မန္တလေးတိုင်းဒေသကြီး၊ ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးနေဝင်းအောင်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေလွင်၊ ခရိုင်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်းနှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါပြိုင်ပွဲများကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက Computer Skill ပြိုင်ပွဲတွင် အဖွဲ့(၂၁)ဖွဲ့က အ.ထ.က (၈)တွင်လည်းကောင်း၊ ဒီဇင်ဘာလ ၂၈ရက်နေ့တွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၁)ဦးတို့က တိုင်းဒေသကြီးပညာရေးမှူးရုံးတွင်လည်းကောင်း အသီးသီး ဆက်လက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)