ငပုတောမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် စကားရည်လုပြိုင်ပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ.မ.က(၃) ကျောင်းနှင့် အလင်းတန်းစာကြည့်တိုက်ကော်မတီတို့ပူးပေါင်း၍ မူလတန်းအဆင့် စကားရည်လုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းအချိန်က အ.မ.က(၃)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။