ကြံခင်းမြို့၌ ကြက်ဥများကို ပြင်ပပေါက်ဈေးထက် သင့်တင့်သောဈေးဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ရောင်းချပေး
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ မြန်မာ့စီးပွားရေး ဘဏ်ခွဲ(ကြံခင်း)၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်ကြီးကြပ်မှုဖြင့် ယနေ့နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ပင်စင်လာရောက်ထုတ်ယူချိန်တွင် သက်သာသောဈေးနှုန်းဖြင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြသည်။