ပေါင် ဖေဖော်ဝါရီ ၁၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီက အ.ထ.က(ပေါင်)ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပေါင်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးက "သစ်တောထိန်းသိမ်းရေး"ခေါင်းစဉ်ဖြင့်အကျယ်တဝင့်ဟောပြောခဲ့ပြီး သထုံမြို့၊ သစ်တောဦးစီးဌာန၊ဦးစီးအရာရှိဦးစိုးမင်းအောင်မှ "ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျော့ချရေးဆိုင်ရာ" ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် သစ်တောဦးစီးဌာနမှဟောပြောပွဲသို့ တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူများအား သစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ခြင်းများဆောင်ရွက်ခဲ့ပါကြောင်းတင်ပြအပ်ပါသည်။
မွန်မလေး (ပြန်/ဆက်)