ရန်ကုန် ဖေဖာ်ဝါရီ ၁၇
၂၀၂၅ ခုနှစ် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ဈေးရောင်းပွဲတော်နှင့် တေးဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍလိုက် ဌာနဆိုင်ရာ ပြခန်း ၅၉ ခန်းနှင့် လာရောက်လည်ပတ်ကြသူများ စားရေးသောက်ရေးအဆင်ပြေစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် စားသောက်ဆိုင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်များအပါအဝင် MSME အရောင်းဆိုင်ခန်း ၁၆၀ ကျော်ဖြင့် ဖွင့်လှစ်ရောင်းချရာ ဝယ်ယူစားသောက်ကြသူများဖြင့် စည်ကားလျက်ရှိပြီး တေးဂီတဖျော်ဖြေပွဲတွင် နိုင်ငံကျော်တေးသံရှင်းများ၏ ဖျော်ဖြေမှုနှင့်အတူ ပွဲတော်လာပြည်သူများ ပျော်ရွှင်ကြသည်။
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ဈေးရောင်းပွဲတော်နှင့် တေးဂီတဖျော်ဖြေပွဲသို့ လာရောက်လည်ပတ်ကြသူများအတွက် စာသုံးဆီများကို သက်သာသောနှုန်းထားဖြင့် အဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)