မိတ္ထီလာတက္ကသိုလ်၌ မူလတန်းပြဆရာဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်းဖွင့်

မိတ္ထီလာ ဧပြီ ၂ဝ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်၌ မူလတန်းပြဆရာဆရာမများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ဧပြီ၂ဝရက် နံနက် ၈နာရီခွဲက အဆိုပါတက္ကသိုလ် ဝန်ဇင်းခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မိတ္ထီလာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဘဟန်က အမှာစကားပြောကြားပြီး  မိတ္ထီလာခရိုင်ပညာရေးမှူးဒေါ်မော်မော်က သင်တန်းနှင့်သက်ဆိုင်သောစည်းကမ်းချက်များအကြောင်း ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းကို ဧပြီ ၂ဝ ရက်မှ ၂၂ရက် အထိ မိတ္ထီလာတက္ကသိုလ်တွင်ဖွင့်လှစ်ပို့မည်ဖြစ်ပြီး သင်တန်းသို့ မြို့နယ်အတွင်းရှိ  အခြေခံပညာကျောင်းများမှ မူလတန်းပြဆရာဆရာမ သင်တန်းသူသင်တန်းသား ၁၅ဝ တက်ရောက်ကြောင်း သိရသည်။

ချမ်းသာ