မော်လမြိုင်ကျွန်းမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မော်လမြိုင်ကျွန်း ဧပြီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အသက် (၁၀) နှစ်ပြည့် ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ရက် (၁၀၀) စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ကြီးကြပ်မှုဖြင့် တိုက်နယ်မှူးနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက မြေပြင်အရောက် ကွင်းဆင်း၍ အသက် (၁၀) နှစ်ပြည့်၊ (၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်‌ရေးကတ်ပြား အသစ်ပြုလုပ်လိုသည့်‌ ကျောင်းသား‌၊ ကျောင်းသူများအား လိုအပ်သည့်အချက်အလက်၊ အ‌ထောက်အထားများဖြည့်စွက်ကာ စိစစ်ထုတ်‌ပေးပြီး ဇီဝဆိုင်ရာအချက်အလက်‌ကောက်ယူခြင်းလုပ်ငန်းများကို  လုပ်ထုံးလုပ်နည်း များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ထို့သို့ဆောင်ရွက်နေမှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးရဲကျော်တို့က သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ပြည်သူများထံ ကတ်ပြားများကို လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။ ထို့နောက်လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး၊ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ရဲကိုမောင်(ပြန်/ဆက်)