ငပုတော ဧပြီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက ၁၃၈၇ ခုနှစ်မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်အောင် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့သော ဦးစီးကော်မဝာီဆပ်ကော်မတီများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူများအတွက် ပြည်သူ့အစိုးရ၏ ရက် ၁၀၀ စီမံချက်အစီအစဉ်အနေဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်ပုံစံ (၇) အသစ်လျှောက်ခြင်း၊ အမည်ပြောင်းခြင်း၊ (၂) ရသင့်ရထိုက်သော မြေငှားဂရန်နှင့် စက်မှုမြေငှားဂရန်များ၊ လဝက၏ အိမ်ထောင်စုဇယား ပုံစံ (၁၀) နှင့် နိုင်ငံသား ကတ်မှတ်ပုံတင်ပြုလုပ်ပေးခြင်း၊ အဟောင်းလဲလှယ်ပေးခြင်း၊ အသက်အရွယ်အလိုက် သတ်မှတ်ပုံတင်ပြောင်းလဲပြုလုပ်ပေးခြင်း၊ UID ရိုက်ကူးပေးခြင်းနှင့် EID Sever ရှိအိမ်ထောင်စု လူဦးရေစာရင်းပါ အချက်အလက်များကို စိစစ်ပေးခြင်း၊ ပြင်ဆင်ပေးခြင်းလုပ်ငန်းများကို ဧပြီလ ၂၀ရက်နေ့မှစတင်၍ လုပ်ဆောင်သွားမည်ဖြစ်၍ သက်ဆိုင်ရာဌာနဆိုင်ရာအလိုက် ပူးပေါင်းပါဝင် အလေးထားဆောင်ရွက်စေရေးပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန်းမြင့်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရမည့် အစီအစဉ်များနှင့်ပတ်သတ်၍ မြို့နယ်ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သည်။
ဆက်လက်ပြီး ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ