ကြံခင်း ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်၊ ရွှေညောင်ပင်ကျောင်းတိုက်၊ ပညာဆီးမီးဓမ္မာရုံးကြီးတွင် ယနေ့ နံနက် ၇ နာရီက အင်ဗာတာ ရေစက်ချလှူဒါန်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ရွှေညောင်ပင်ကျောင်းတိုက်ဆရာတော် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မဟာသဒ္ဒဓမ္မဇောတိကဓဇ ဘန္ဒန္တဝါယမထံမှ သရဏဂုံနှင့် ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်များအား အလှူရှင်များက ဝတ္ထု(ငွေ)များဆက်ကပ်လှူဒါန်းပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းလှိုင်က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ အလှူရှင်များက လက်ခံရယူကြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က ပညာဆီမီးဓမ္မာ ရုံကြီး၌ စနေ၊ တနင်္ဂနွေရက်နေ့များတွင် (၅၂၈) လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ကျောင်းတိုက် ဆရာတော် ဒေါက်တာပညာနန္ဒာမှ သင်ကြားပို့ချသည့် သုတဓမ္မဒီပလိုမာတန်း Level 1,2,3၊ သုတဓမ္မဂဝေသီဘွဲ့ Part 1,2,3 သင်တန်းအား ၁၈-၁-၂၀၂၅ ရက်နေ့တွင်ဖွင့်လှစ်ပို့ချလျက်ရှိရာတွင် အဆင်ပြေစေရန် လျှပ်စစ်မီးနှင့် အသံချဲ့စက်အသုံးပြုရန် ဆိုလာ၊ အင်ဗာတာနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပေးပါသော အလှူရှင်များအား ကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။
ဆက်လက်၍ ရွှေညောင်ပင်ကျောင်းတိုက်ဆရာတော်ထံမှ စေတနာရှင်အလှူရှင်များ၏ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချတရားနာယူပြီး အခမ်းအနားအား “ဗုဒ္ဓဿသနာ စိရံတိဌတု” သုံးကြိမ်ရွတ်ဆိုကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်းသိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)