အိမ်မဲမြို့နယ်တွင် အသက် (၂) လမှ (၅၉)လအထိကလေးငယ်များအားပိုလီယိုကာကွယ်ဆေး အရှိန်အဟုန်မြှင့်တိုက်ကျွေးခြင်းလုပ်ငန်း အသိပေးဆွေးနွေးခြင်းနှင့် သင်တန်းကျင်းပ

အိမ်မဲ ဖေဖော်ဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်း အသက် (၂) လမှ (၅၉) လအထိ ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး အရှိန်အဟုန်မြှင့်တိုက်ကျွေးခြင်းလုပ်ငန်း အသိပေးဆွေးနွေးခြင်းနှင့် သင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက အဖွင့်အမှာစကား ပြောကြားပေးပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကျော်အောင် ကပိုလီယိုကာကွယ်ဆေး အရှိန်အဟုန်မြှင့်တိုက်ကျွေးခြင်းလုပ်ငန်းအကြောင်းကို Power Point ဖြင့်အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက်တက်ရာက်လာသူများနှင့်စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများတက်ရာက်ခဲ့ကြသည်။

ဆက်လက်ပြီး အသက် (၂) လမှ (၅၉) လအထိကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး အရှိန်အဟုန်မြှင့်တိုက်ကျွေးခြင်းလုပ်ငန်းသင်တန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မျိုးကျော်အောင်က သင်ကြားပေးခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီဌာန ဝန်ထမ်းများတက်ရောက်ခဲ့ ကြသည်။

အိမ်မဲမြို့နယ်အတွင်း အသက် (၂) လမှ (၅၉) လအထိ ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး အရှိန်အဟုန်မြှင့်တိုက်ကျွေးခြင်းလုပ်ငန်းကို ဖေဖော်ဝါရီ လ (၂၆) နေ့နှင့် မတ်လအတွင်းတွင် ပိုလီယိုရောဂါ အစက်ချကာကွယ်ဆေးကို တစ်လခြား၍ (၂) ကြိမ်တိုက်ကျွေးသွားမည်ဖြစ်ကြာင်းနှင့် အိမ်မဲမြို့နယ်အတွင်း ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးရမည့် ကလေးငယ် (၁၅၁၆၈) ဦးရှိကြောင်း သိရသည်။

ချစ်သက်လယ်

အိမ်မဲ (ပြန်/ဆက်)