ပွင့်ဖြူမြို့နယ်၌ ဆယ်အိမ်စုမှူးသင်တန်း ဖွင့်လှစ်ပို့ချ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးဖွင့်လှစ်သည့် ဆယ်အိမ်စုမှူး သင်တန်းဖွင့်ပွဲအခမ်းအနားကို ဧပြီ ၂၄ ရက် ၊ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။