အိမ်မဲ ဧပြီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ တကောကျေးရွာ ရိုးကြီးဝိသုဒ္ဓါရုံသာသနာ့ ဗိမာန်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ တိုင်းရင်းဆေးကုဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့မှပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် တိုင်ရင်းဆေးဖြင့် ဆေးကုသပေးခြင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ လူကုန်ကူးမှုအန္တရာယ်အကြောင်း၊ အပူဒဏ်အန္တရာယ်အကြောင်းတို့ကို လည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဦးစီးမှူး ဒေါ်ဖြိုးသန္တာအောင်က နွေရာသီတွင် ဖြစ်ပွားတတ်သောရောဂါ အကြောင်းကိုလည်းကောင်း စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းက စားသုံးရန်မသင့် သောအစားအစာများနှင့် online စျေးရောင်းချခြင်း အကြောင်းအရာများလည်းကောင်း အသီးသီးအကျယ်တဝင့် ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှ အဆိုပါကျေးရွာမှ ပြည်သူများအား တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခြင်း၊ သောက်ဆေးပေးခြင်းတို့ကိုဆောင်ရွက်ခဲ့သည်။
ယင်းနောက် ဝန်ထမ်းများကသုတ/ရသ ရရှိစေမည့်စာအုပ်စာစောင်များ လူကုန်ကူးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ပြသထားရှိရာ ပြည်သူများကလေ့လာ ကြည့်ရှုခဲ့ကြသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)