ကျိုက်လတ်၌ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးနှင့် သတိပြုလိုက်နာ ရှောင်ကြဉ်ရမည့်အချက်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၈ နာရီခွဲခန့်က ကျိုက်လတ်မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများနှင့် လမ်းဆုံ လမ်းခွနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။