မုံရွာမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်ဆင့်ရှင်းလင်းပွဲများကျင်းပ

မုံရွာ ဧပြီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာပညာရေးဒီဂရီကောလိပ်၊ ပဉ္စဗလဘက်စုံခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်ဆင့်ရှင်းလင်းပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မုံရွာပညာရေးဒီဂရီကောလိပ်မှ ဌာနကြီးမှူး (သင်တန်းရေးရာ) ဦးသန့်ဇင်က ပြည်သူ့စစ်မှု ထမ်းဥပဒေဆိုင်ရာအကြောင်း သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဌာနကြီးမှူး (သင်တန်းရေးရာ) ဦးသန့်ဇင်က ပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲသို့ မုံရွာပညာရေးဒီဂရီကောလိပ်မှ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့သည်။ အလားတူ မုံရွာမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (၅)ထပ်ဆောင် ခန်းမ၌ ဒုတိယအကြိမ်မြောက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ထပ်ဆင့် ရှင်းလင်းပွဲကို ဧပြီလ ၉ ရက်နေ့က ကျင်းပရာ ကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူ၏ သိရှိလိုသည့် မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ဖြေကြားဆွေးနွေးကာ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြင့်သိန်းစိုး(ပြန်/ဆက်)