မိုးညို ဧပြီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ညောင်ဝိုင်းအုပ်စု၊ ငှက်ပျော်ထုံးကျေးရွာတွင် ဟင်းသီးဟင်းရွက်ပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချလျက်ရှိသည့် တောင်သူ ဦးတင်ထွန်းမှ ကိုက်လန်ပင်များစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
ကိုက်လန်ပင်စိုက်ပျိုးရာတွင် ပျိုးခင်းပြုလုပ်၍စိုက်ပျိုးခြင်းနှင့် တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်း ၂ မျိုးရှိပါတယ်၊ ကျွန်တော်ကတော့ အလျား ၈၀ ပေ၊ အနံ ၇၀ ပေရှိတဲ့မြေမှာ မြောင်းဘောင်များ ပြုလုပ်၍ တစ်ပင်နှင့်တစ်ပင် ၆ လက်မခြားပြီး စိုက်တန်းတစ်ခုနှင့်တစ်ခု ၂ ပေခြား၍ တိုက်ရိုက်အစေ့ချစိုက်ပျိုးထားခြင်းဖြစ်ပါတယ်၊ စိုက်ပျိုးပြီး ၂ လလောက်အကြာမှာ အရွက်နုများ စတင်ခူးဆွတ်လို့ရပြီး ၃ လကျော်လောက်ဆိုရင်တော့ ရောင်းတန်းဝင်တဲ့ အရွက်တွေကို ခူးဆွတ်လို့ရပါတယ်၊ ကိုက်လန်အညွန့်တစ်စည်းကို ၂၀၀ ကျပ်ရောင်းချရပြီး ကိုက်လန်ပင်သည် အာဟာရဓာတ်ပေါင်းစုံပါဝင်သည့်အတွက် စားသုံးသူများကျန်းမာရေး အထောက်အကူပြုကြောင်း၊ ကိုက်လန်ကို ဈေးကွက်ထဲမှာတော့ အရွက်စားကိုက်လန်၊ အဖူးစားကိုက်လန် စသည်ဖြင့်ေရာင်းချကြောင်း၊ ကိုက်လန်ကို တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည့် အတွက် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသင့်ကြောင်း ကိုက်လန်စိုက်ပျိုးသူထံမှ သိရသည်။
ကိုမင်း(ပြန်/ဆက်)