ငါ့သရောက် ဧပြီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၈ နာရီအချိန်တွင် အမှတ်(၃) ရွှေတောင်ကုန်းရပ်ကွက်သို့ သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့မီးသတ်ဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသန်းလှိုင်ဦးဆောင်၍ သန္ဓေမီးသတ်အဖွဲ့များနှင့် နွေရာသီတွင် သောက်သုံးရေအခက်အခဲဖြစ်နေသည့် အမှတ် (၃) ရွှေတောင်ကုန်းရပ်ကွက်သို့ သွားရောက်ပြီး သောက်သုံးရေဂါလံ ၁၆၀၀ ဂါလံ သွားရောက်လှူဒါန်းခဲ့ပြီး ဆက်လက်ပြီး တခြားရပ်ကွက်များနှင့်ကျေးရွာများသို့လည်း သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း ဦးစီးမှူးထံမှ သိရသည်။
ငါ့သရောက်(ပြန်/ဆက်)