ပုံပါကျင်မြို့၊ တာကွမ်ကျေးရွာ၌ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၊ တာကွမ်ကျေးရွာ၌ မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေး၊ တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်း၍ အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။