သာယာဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလားအသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ သာယာဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက သာယာဝတီ ခရိုင်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းအခြေပြုမီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင်  အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း (ဒေဝီ) တွင် စာသင်ကျောင်းအခြေပြု မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲအား ယမန်နေ့နံနက် (၉) အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ အခြေခံပညာကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားတက်ရောက်၊ ပြည်သူများအား မျက်စိအထူးကုဆရာဝန်ကြီးများမှ အခမဲ့မျက်စိခွဲစိတ်ကုသမှုပေးနေမှုအား ကြည့်ရှုအားပေး

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။

တပ်ကုန်းမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌမှ ဦးဆောင်ကျင်းပသည့်  လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၇ရက် မွန်းလွဲ ၁နာရီက အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် စက်တင်ဘာလ (၁၅) ရက်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲ ကျင်းပသည်။

ကျောက်ဆည် မြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယာယီ အစည်းအဝေးခန်းမတွင် စက်တင်ဘာ ၁၈ ရက် မွန်းလွဲ(၃)နာရီက ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာရောက်ရှိသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ  ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။

ကျောက်ပန်းတောင်းမြို့နယ် သီရိမင်္ဂလာရပ်ကွက်၌  မြန်မာအီလက်ထရောနစ် မဲပေးစက်လက်တွေ့စမ်းသပ်သရုပ်ပြ 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက မြန်မာ အီလက်ထရောနစ် မဲပေးစက်(MEVM) အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးမှုသရုပ်ပြခြင်းများကို၊ စက်တင်ဘာ ၁၇ရက် ညနေ(၃)နာရီက သီရိမင်္ဂလာရပ်ကွက်ဓမ္မာရုံ၌ ပြုလုပ်သည်။

မန္တလေးမြေငလျင်ကြီးကြောင့် Sky Villa Condo ပြိုကျမှုတွင် အသက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုများအား ကရုဏာကြေး ဒုတိယသုတ် ပေးအပ်

မန္တလေးမြေငလျင်ကြီးကြောင့် Sky Villa Condo ပြိုကျမှုတွင် အသက်ဆုံးရှုံးခဲ့ရသော မိသားစုများအား ဒုတိသုတ်အဖြစ် ကရုဏာကြေးပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီက အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ အကွက်(၄၅)၊ ၁၉ လမ်း၊ ၅၉ လမ်းထောင့်ရှိ မုန်တိုင်ဓမ္မာရုံ၌ ကျင်းပရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ထွန်း၊ ခရိုင်ရဲ တပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးမျိုးဝင့်၊ NTL ဆောက်လုပ်ရေးကုမ္ပဏီမှ MD ဦးနိုင်ထွန်းလင်း၏ဇနီး ဒေါ်သက်သက်ခိုင်၊ Sky Villa Condo minium& Condo တာဝန်ခံမန်နေဂျာ ဦးလင်းလင်းထွန်းနှင့် တာဝန်ရှိသူများ၊ အသက်ဆုံးပါးသွားသူများ၏ မိသားစုဝင်များတက်ရောက်ကြသည်။

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်  အမရပူရမြို့နယ် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာရောစပ်ကြဲပက်ပွဲ  တက်ရောက်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင် အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာအုပ်စု ဂျိုရွာကျေးရွာ၊   ပေါက်အင်းကွင်း အဆင့်မြင့်လယ်ယာ ဧက ၁၅၀ ရှင်းလင်းဆောင်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သဘာဝ​မြေဩဇာနှင့်ဓာတ်မြေသြဇာရောစပ်ကြဲပက်ပွဲအခမ်းအနားကို ယနေ့ ညနေ ၃ နာရီခွဲက ကျင်းပသည်။
Subscribe to