ထန်းတပင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က အောင်မင်္ဂလာရပ်ကွက် ဘုန်းတော်ကြီးတွင် ပြုလုပ်ပေးခဲ့သည်။

ပေါင်မြို့နယ်အတွင်းရှိ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) တက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသူ နိုင်ငံ့သားကောင်းရတနာများအားဂုဏ်ပြု

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ မိမိဆန္ဒအလျောက် စိတ်အားထက်သန်စွာ ပါဝင်စာရင်းပေးခဲ့သော ပြည်သူ့စစ်မှုထမ်းများကို သင်တန်းအမှတ်စဉ်များအလိုက် တပ်ရင်း/တပ်ဖွဲ့အသီးသီး၌ တာဝန်ထမ်းဆောင်ခဲ့ကြရာ ပြည်သူစစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁) မှ ပြည်သူ့စစ်မှုထမ်းများ မိမိနေရပ်သို့ ပြန်လည်ရောက်ရှိလာသူ နိုင်ငံ့သားကောင်းရတနာများအားဂုဏ်ပြုသည့် အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။

ရေတာရှည်မြို့နယ်တွင် Fire Hotspot ဖြစ်ပေါ်မှုအ‌ခြေအ‌နေများ လျော့ပါးစေရေးနှင့် စပ်လျဥ်း၍ အသိပညာ‌ပေးဟောပြောပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် တောင်ငူခရိုင် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနက "Fire Hotspot ဖြစ်ပေါ်မှုအ‌ခြေအ‌နေများလျော့ပါးစေရေးနှင့် စပ်လျဥ်း၍ အသိပညာ‌ပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့တော်ခန်းမ၌ ကွင်းဆင်း အသိပညာပေးဟောပြောခဲ့သည်။

လသာမြို့နယ်တွင် လူငယ်များစွမ်းရည်မြှင့်တင်ရေးအတွက် ပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုက်ကွမ်ဒိုအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် လူငယ်စွမ်းရည်မြှင့်တင်ရေး ပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီတွင် လသာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်း အခမ်းအနားနှင့် Sen Hui Yuan Co. Ltd ရာဘာသစ်ခွဲသားစက်ရုံသို့ ကွင်းဆင်းကြည့်ရှု

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ဒေါပုံမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများဆွေးနွေး

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများအတွက် ရပ်ရွာအကျိုးပြုလုပ်ငန်းများ ပိုမိုဖြစ်ထွန်း အကျိုးရှိစေရန်ရည်ရွယ်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့မှူးတွင် နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တစ်အိမ် တက်ဆင်း မီးဘေးအသိပညာပေး

(၈၀) နှစ်‌မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်မီးသတ် ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးရဲမင်းနိုင်၏ ကြီးကြပ်မှုဖြင့်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက မြို့သစ်ရပ်ကွက်၌ မီးသတ်ဦးစီးဌာန၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ကွင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ မြို့ပြသန့်ရှင်းသာယာလှပစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက မြို့ပြသန့်ရှင်းသာယာလှပစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်သည်။

သာယာဝတီမြို့၌ အပူဒဏ်ကာကွယ်ရေးနိူးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ပူးပေါင်း၍ အပူဒဏ်ကာကွယ်ရေး အသိပေးနိူးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ‌ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက သာယာဝတီမြို့မဈေး၌ ဆောင်ရွက်ခဲ့သည်။

လွိုင်ကော်မြို့၌ အခြေခံဂီတာတီးနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်

နွေရာသီကျောင်းပိတ်ရက် ကာလများအတွင်း လူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံသည့်မျိုးဆက်သစ်လူငယ်များ ဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ အခြေခံဂီတာတီးနည်း (Level-1/2) သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွိုင်ကော်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်ပေးလျက်ရှိပါသည်။
Subscribe to