လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ရန်ကုန်-ပုသိမ်လမ်းမကြီး နည်းပညာတက္ကသိုလ်ဝင်ပေါက်အနီး၌ ယာဥ်ကြောလမ်းများ မှန်ကန်စွာမောင်းနှင်စေရန် ကွင်းဆင်းဆောင်ရွက်

ယာဥ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ယာဥ်ထိန်းရဲတပ်ဖွဲ့မှကြီးမှူး၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးခြင်းနှင့် ယာဥ်လမ်းကြောများ မှန်ကန်စွာမောင်းနှင်စေရန် အရှိန်အဟုန်မြှင့်တင်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၈) နာရီက ရန်ကုန်-ပုသိမ်လမ်းမကြီး နည်းပညာတက္ကသိုလ်ဝင်ပေါက်အနီးတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။

ချောက်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပ

ချောက်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ကျင်းပ ချောက် ဧပြီ ၂၄ မြို့နယ် (ပြန်/ဆက်)

လှိုင်သာယာမြို့နယ်၌ မိသားစုဝင်‌ငွေတိုးရေး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ရက် (၁၀၀) အတွင်း လုပ်ငန်းရှင် (၁၀၀) ပေါ်ထွက်လာ‌ရေးစီမံချက်အဖြစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်တွင်အမှတ် (၂၂) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ မေတ္တာသီတဂူမိန်းကလေး (ပရဟိတ) သီလရှင်ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင် လျှပ်စစ်မီးယာယီပြတ်တောက်နေစဉ်ကာလအတွင်း ပြည်သူများ အခက်အခဲလျော့နည်းစေရေး ဘုန်းတော်ကြီးကျောင်းများထံ စက်သုံးဆီများ သွားရောက်ဆက်ကပ်လှူဒါန်း

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းနေစဉ်ကာလအတွင်း ပြည်သူများ ရေ၊ မီးအခက်အခဲဖြစ်ပေါ်မှု လျော့နည်းသက်သာစေရေး စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိသည့်အပြင် စက်သုံးဆီများလိုအပ်ချက်များကို ဖြည့်ဆည်း‌ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီ ၂၃ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ပေါ် ဘုန်းတော်ကြီးကျောင်းများသို့ စက်သုံးဆီများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

နိုင်ငံတော်၏ ရက် (၁၀၀) စီမံကိန်းအခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပွေးပြတ်ကျေးရွာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ နိုင်ငံတော်၏ ရက် (၁၀၀) စီမံကိန်း လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးပေးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအတွက် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီကကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ် ၊ ချင်းပြည်နယ်၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ချင်းပြည်နယ်၏ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ဧပြီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

တောင်ငူမြို့၏ ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး (၄၄၈) နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကဆုန်ညောင်ရေသွန်းပွဲတော်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး (၄၄၈) နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကဆုန်ညောင်ရေသွန်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က ရွှေဆံတော်စေတီတော်မြတ်ကြီး အနောက်ဘက်မုခ်ဦးရှေ့၌ ကျင်းပသည်။

ဒေးဒရဲမြို့နယ်တွင် ပြည်သူ့အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အသက်(၁၀)နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား ပြည်သူ့အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ဧပြီ ၂၃ ရက်နေ့မွန်းလွဲ(၂)နာရီအချိန်က ဒေးဒရဲမြို့နယ်၊ မငေးကလေးကျေးရွာအုပ်စု၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားနှင့် နွေစပါးစိုက်ပျိုးသည့် တောင်သူများအား လက်ဝယ်အရောက် စက်သုံးဆီဖြန့်ဖြူးရောင်းချခြင်းအခမ်းအနား တက်ရောက်

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Subscribe to